Google မှ ဘာသာစကားအသစ် ၁၀ မျိုးကို ဘာသာပြန်မှုအတွက် ထောက်ပံ့ပေးလိုက်ပြီး မြန်မာ(burmese) ဘာသာစကားလည်း ပါဝင်လာပြီဖြစ်သည်။
Google မှ သူတို့၏ ထုတ်ကုန်တစ်ခုဖြစ်သော translate.google.com
တွင်ဘာသာပြန်ထောက်ပံ့မှု မရသေးသော ဘာသာစကား ၁၀ မျိုးကို
ဘာသာပြန်စနစ်ထောက်ပံ့ပေးနိုင်မှုအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ရာ အဆိုပါ
ဘာသာစကား ၁၀ မျိုးတွင် မြန်မာ(Burmese) ဘာသာစကားလဲ ပါဝင်လာပြီဖြစ်ပါတယ်။
အဆိုပါ ဘာသာစကား ၁၀ မျိုးမှာ အာဖရိကရှိနိုင်ငံတစ်ချို့နှင့်
အာရှမှနိုင်ငံတစ်ချို့တို့ ပါဝင်ပြီး အာဖရိကနိုင်ငံများမှ Chichewa(မော်လ၀ီ
နှင့် အခြား) ၊ malagasy(မလာဂတ်စကား) နှင့် Sesotho(လီဆိုသို နှင့်
တောင်အာဖရိက) တို့ပါဝင်ပြီး အာရှနိုင်ငံများမှ Karzakh( ကာဇက်စတန်) ၊ Tajik
(တာဂျီကစ္စတန်) ၊ မြန်မာ(မြန်မာ) ၊ Sinhala(သီရီလကာင်္) နှင့် Sundanese
(အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း) တို့ ဖြစ်ပါတယ်။
ထိုအတွက် ယခင်က မရရှိသေးသော နိုင်ငံတကာဘာသာစကားများကို ဘာသာပြန်ဆိုမှုကို
translate.google.com ကို အသုံးပြုကာ ဘာသာပြန်ဆိုနိုင်ပြီဖြစ်ပါတယ်။
ထိုကဲ့သို့ ဘာသာပြန်ဆိုနိုင်မှုအတွက် ထောက်ပံ့ပေးတဲ့ ဖောင့်စနစ်ကတော့
ယူနီကုဒ်ဖောင့်စနစ် (ဥပမာ - မြန်မာ ၃ ၊ ပိတောက် အစရှိသဖြင့်) (မှတ်ချက် -
ယခု လူသုံးများနေသော ဇော်ဂျီဖောင့်မှာ ယူနီကုဒ်ဖောင့်မဟုတ်ပါ) ဖြစ်ပါတယ်။
အသုံးပြုလိုသူများ ၊ စမ်းသပ်လိုသူများအတွက် www.translate.google.com
နှင့် Google Play Store ရှိ Google Translate apk တို့ကို ရယူကာ
ဘာသာပြန်ဆိုနိုင်ပြီး ယူနီကုဒ်နှင့် ပတ်သက်ပြီး သိရှိလိုသည်များ ၊
မေးမြန်းလိုသည်များအတွက် လူမှုကွန်ယက် ဂရုဖ်တစ်ခု ဖြစ်သော https://www.facebook.com/groups/mmUnicode/ တွင်လည်း ၀င်ရောက်မေးမြန်းလေ့လာနိုင်ပါတယ်။

Yangon Media Group
မှတ်ချက် = PC Browser များတွင် Default Font ကို Myanmar3 သို့ ပြောင်းပေးထားရပါမည်။
0 comments:
Post a Comment