အိန္ဒိယနိုင်ငံ ဘောလီဝုဒ်မင်းသမီးနဲ့ မော်ဒယ်လ် ဂူဟာခန် (Gauhar Khan)ဟာ တိုနန့်နန့်ဝတ်စုံကို ဝတ်ဆင်တဲ့အတွက် အရိုက်ခံခဲ့ရပါတယ်။
ရုပ်ရှင်မင်းသမီး ခန်ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ရိုက်ကူးနေစဉ်မှာ အသက်
၂၄ နှစ်အရွယ် ပရိသတ်တဦးက ဆုံးမတဲ့အနေနဲ့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။
ရိုက်နှက်တဲ့သူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
မွတ်စလင် အမျိုးသမီးတဦး ဖြစ်တဲ့အတွက် တိုနှံနှံ အဝတ်အစားတွေ မဝတ်သင့်ဘူးလို့ ရိုက်နှက်တဲ့သူက ပြောဆိုတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဇာတ်လမ်းရဲ့ နောက်ဆုံးပိုင်းကို
ရိုက်ကူးနေစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရိုက်နှက်တဲ့သူကို
ဒီဇင်ဘာ ၁ ရက် ဒီနေ့ ရုံးတင်မှာ ဖြစ်ပါတယ်။
ကနဦး စုံစမ်းမှုတွေအရ ပရိသတ်ထဲက လူတဦးက ခန်ကို စခဲ့တာကို မင်းသမီးက မကျေနပ်တဲ့အတွက် အခုလို အကျိုးဆက်တွေ ဖြစ်လာတာလို့ ဆိုပါတယ်။
၂၀၀၉ ခုနှစ်က ရုပ်ရှင်ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ ခန်ဟာ ရုပ်ရှင်ဇာတ်ကား ၆ ခုနီးပါး ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/72445
0 comments:
Post a Comment